ရန်ကုန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် ပြည်သူများ၏ နေ့စဉ် စားသောက်ကုန် ဝယ်ယူအသုံးပြုမှုအတွက် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ လသာမြို့နယ်သမဝါယမအသင်းစုက ကြက်ဥများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်သမဝါယမအသင်းစု၌ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။
အဆိုပါရောင်းချမှုတွင် ကြက်ဥများကို တစ်လုံးလျှင် ငွေကျပ် ၅၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး လသာမြို့နယ် သမဝါယမအသင်းစုက ကြက်ဥအလုံးရေ ၄၀၀၀ ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ယင်းကဲ့သို့ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးခြင်းသည် ပြည်သူများ၏ လူနေမှု ကုန်ကျစရိတ် သက်သာစေရေးနှင့် စားသောက်ကုန်ဖူလုံမှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး လိုအပ်သည့် အခြေခံကုန်ပစ္စည်းများကို ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)


