လပွတ္တာ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု နေကြာမျိုးစေ့၊ ဆီထွက်ပဲပုပ်မျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက ဆီထွက်သီးနှံဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူ ၇၃ ဦးအား ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


