မုံရွာ ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက် လပ်ကီးရောင်းဝယ်ရေး သမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ သစ်ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းတောရပ်ကွက် အသင်းရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မုံရွာမြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးခင်မောင်လွင်က အသင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်းလုပ်ငန်းများကို အသင်းသားများအားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီး သမဝါယမအသင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အသင်း၏ အမှုဆောင် သုံးဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့အား တက်ရောက်လာသော အသင်းသားများ၏ အဆိုပြုထောက်ခံချက်များအတိုင်း ညှိနှိုင်းရွေးချယ် အတည်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)


