နှစ်ဖက်လှ နိုင်ငံကျော်ဂီတစာဆို ကိုလေးလွင် အမှတ်တရ ဖျော်ဖြေပွဲကြီး ဧပြီလဆန်း ကျင်းပမည်
ရန်ကုန် ၆ ဧပြီ
သရုပ်ဆောင် ဒါရိုက်တာ ကြည်သာ (ပွဲကြိုက်ခင်)နှင့် (ပန်တျာ)ဒေါ်သိင်္ဂီတို့ ပူးပေါင်းတင်ဆက်သော နှစ်ဖက်လှ နိုင်ငံကျော်ဂီတစာဆို ကိုလေးလွင် အတွက် အမှတ်တရ ဖျော်ဖြေပွဲကြီးကို ဧပြီလ ၉ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။