လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်

လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် (၃)အဖြစ် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက အနိုင်ရပြီး   ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ဒဇိုင်းယားဒူးက တစ်ဂိုး၊ လူးကတ်ဟာနန်ဒက်ဇ်ကတစ်ဂိုး၊ ဗီတင်ဟာကတစ်ဂိုး၊ ဖေဘီယန်ရုဇ်က တစ်ဂိုးသွင်းယူပေးခဲ့ကာ  ဘာစီလိုနာအသင်းအတွက်  သွင်းဂိုးတွေကို ဇာဗီအက်စ်ပါ့တ်နဲ့ လာမိုင်းယာမယ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ  ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်သုံးပွဲကစား သုံးပွဲစလုံးအနိုင် ရရှိခဲ့မှုနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဗာပူးအသင်းကလည်း ဗီလာရီးယဲလ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အခြားသောပွဲစဉ်တွေမှာတော့ ဒေါ့မွန်အသင်းက ဆာဘက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မန်စီးတီးအသင်းက အေအီးကေအသင်းကို ငါးဂိုး-တစ်ဂိုး၊ နာပိုလီအသင်းက ဘိုဒိုအသင်းကို လေးဂိုး-သုံးဂိုး၊ ပီအက်စ်ဗွီအသင်းက ပေါ်တိုအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရိုးမားအသင်းက ဆလိုဗန်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဖီနာဘာချီအသင်းနဲ့ ဆလာဗီယာပရက်အသင်း တို့ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်