လက်ပံတန်းမြို့နယ် သာယာကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ခြင်ဆေးခွေမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

လက်ပံတန်း ၁၂  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် နဘဲကွင်းကျေးရွာအုပ်စု သာယာကုန်း ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့ နံနက်ပိုင်းက  မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ သာယာကုန်းကျေးရွာ ဘုန်ကြီးကျောင်းစောင့် တိုးဝေယံထက်က ခြင်ဆေးခွေထွန်းရာ ခြင်ဆေးခွေမှတစ်ဆင့် ကော်ဇောအခင်းသို့ မီးကူးပြီး မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

 

၂

 

မီးလောင်ကျွမ်းမှုကြောင့် ဘုန်းကြီးကျောင်းတိုက်ခံ ၊ပျဉ်ခင်း၊ ပျဉ်ကာ  သွပ်မိုး(၂၅×၂၅×၂၅) (၂) ထပ်မှ အပေါ်ထပ်(၂၅×၂၅) ပေ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှုးဦးလင်းကျော် ဦးဆောင်၍ သန္ဓေမီးသတ်တပ် ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်ဒေသခံ ပြည်သူများမှ ဝိုင်းဝန်း မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး