လွိုင်လင်မြို့နယ်၌ တရားခံပြေး ၁ ဦးအား ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုခုခံသဖြင့် သတိပေးပစ်ခတ် ဖမ်းဆီးရာ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ၁၁  နိုဝင်ဘာ

 

လွိုင်လင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တရားခံပြေးအား သွားရောက် ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လွိုင်လင်မြို့မရဲစခန်း(ပ)၉၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၅၀၆/ ၄၂၇အမှုမှ တရားခံပြေးစိုင်းဇိန(၄၁)နှစ်သည်  နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပန်ခေါက်ဝိုးကျေးရွာရှိ ၎င်း၏နေအိမ်၌ ရောက်ရှိနေကြောင်းသတင်းအရ လွိုင်လင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် စိုင်းဇိနမှာ အဖမ်းမခံဘဲ ဇနီးဖြစ်သူ နန်းရွှေဝါ(၃၆) နှစ်၏လည်ပင်းအား ဓားရှည်ဖြင့် ထောက်ထားသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ချ အဖမ်းခံရန် ဖြောင်းဖျပြောဆိုနေစဉ် နန်းရွှေဝါမှာ ရုန်းကန်ထွက်ပြေးသွားသဖြင့် စိုင်းဇိန က ဓားဖြင့်ခုတ်ရာ နန်းရွှေဝါတွင် ဂုတ်ပိုး၊ ဝဲလက်ကောက်ဝတ်၊ ဝဲလက်မတို့တွင် ပြတ်ရှဒဏ်ရာ များရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအား ဆက်လက်ရန်ပြုသဖြင့် သေနတ်ဖြင့် သတိပေး ပစ်ခတ် ဖမ်းဆီးခဲ့ရာ စိုင်းဇိနတွင် နဖူး၊ ယာပါး၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ၎င်းအား စစ်ဆေးရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၁၈ ပြား (တစ်ပြားလျှင် ၁၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁ ဒသမ ၁၈ သိန်း)အား သိမ်းဆည်းရမိခဲ့၍ လွိုင်လင်မြို့မရဲစခန်း၌ အမှုအသီးသီးရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN