လွိုင်လင်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

လွိုင်လင် စက်တင်ဘာ ၁၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှကြီးမှူး၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အထက(၁) ကျောင်းခန်းမ၌ ကျင်းပသည်။

 

ဂုဏ်ပြုဆုများချီးမြှင့်

ဦးစွာ ခရိုင်ပညာရေးမှူး ဦးမျိုးတင့်က အမှာစကားပြောကြားသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ တာဝန်ခံအရာရှိ ဦးစည်သူနိုင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

လွိုင်လင်မိုး