လွိုင်လင်မြို့ အထက(၂) ကျောင်း၌ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

လွိုင်လင်  အောက်တိုဘာ ၁၅

 

     ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြပွဲကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

 

     ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက် သရုပ်ပြခြင်း၊ လူနာရှာဖွေကယ်ဆယ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီမောင်မယ်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြသကြသည်။ ယင်းနောက် ကျောင်းသူကျောင်းသားများက မီးငြိမ်းသတ်ခြင်းကို ကိုယ်တိုင်ပါဝင်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

 

လွိုင်လင်မိုး