လွိုင်ကော် အောက်တိုဘာ ၁၃
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေးနှင့် အခြေခံ အဆောက်အအုံ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ရန် အသိပညာမြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုအလေး ထားဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဆုရရှိသူများ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက တတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။
ထို့ပြင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အတွက် UNDRR ၏ သတင်းစကားဗီဒီယိုနှင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှုကြပြီး အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


