လှိုင်းဘွဲမြို့နယ်၌ ကရင်စာပေ သင်ရိုးသစ် ဆရာဖြစ်သင်တန်းဖွင့်

လှိုင်းဘွဲ   ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကရင်စာပေသင်ကြားရေးအတွက် ခန့်အပ်ထားသော ဆရာ/မများအား ၂၀၂၀-၂၀၂၁ ခုနှစ်တွင်သင်ကြားမည့် ကရင်စာပေသင်ရိုးသစ် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် နာရီခွဲက ဒိုင်းပြကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဒိုင်းပြကျောင်းဆရာတော် အရှင်ဇာနေယျ က အမှာစကားမြွတ်ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ ကရင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမန်းညီသောင်းစိန်၊ မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်တို့က အမှာစကား ပြောကြားခဲ့သည်။

 

သင်တန်းတွင် သင်တန်းဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဒေါ်နန်းမြင့်တင်က ကရင်စာပေသင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ ဦးအုန်းတင်က ကရင်စာပေသင်ကြားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား  ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ကရင်စာပေသင်ရိုးသစ် ဆရာမဖြစ်သင်တန်းကို ဇူလိုင် ရက်မှ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

5

 

20200705_102913