လှိုင်းဘွဲမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး

ဘားအံ ဩဂုတ် ၂၄

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာနက ပညာရေးငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပညာရေးငွေစု ငွေချေးသမဝါယမအသင်း၏ သဘာပတိက အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းနှင့် စာရင်းစစ်အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ဖတ်ကြားပြီး တက်ရောက်လာကြသော အသင်းသားများထံ အတည်ပြုချက် ရယူသည်။

 

ထို့နောက် အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကိုကျင်းပရာ တက်‌ရောက်လာကြသော အသင်းသားများ၏ အဆိုပြု၊ ထောက်ခံချက်များအတိုင်း အမှုဆောင်နှင့် အသင်းစာရင်းစစ်များ ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)