ရန်ကုန် အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက်က အမှတ်(၁၅)ရပ်ကွက် နေကြာလမ်းရှိ မဂ္ဂသစ္စာဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် အင်းစိန်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောသီတာခင်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဌေးဌေးဝင်းက လူကုန်ကူးမှုဆိုင်ရာ ဥပဒေကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့်ဇော်က သက်ငယ်မုဒိမ်းမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးကိုလည်းကောင်း၊ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


