စက်တင်ဘာ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်တွေမှာ လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး စပါးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို မက်အယ်လစ်စတာက တစ်ဂိုး၊ ဂတ်ပိုကတစ်ဂိုး၊ ဇိုဘိုဆလိုင်းက တစ်ဂိုးအသီးသီးသွင်းယူပေးခဲ့ပြီး စပါးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဂယ်လာဂါက သွင်းယူပေးခဲ့တာဖြစ်ပါ တယ်။
လီဗာပူးအသင်းနဲ့အတူ အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဇိုဘိုဆလိုင်းကတော့ ယခုဘောလုံးရာသီမှာ သွင်းဂိုး သုံးဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ အစ်ဆွစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အစ်ဆွစ်အသင်းကို လေးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ဒေါင်းမန်းက နှစ်ဂိုး၊ မာဒူကီက တစ်ဂိုး၊ မာရီနိုက တစ်ဂိုး သွင်းယူပေးခဲ့ပြီး အစ်ဆွစ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ မက်မီတီနဲ့ အက်ခ်ပွမ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခြားသောပွဲစဉ်တွေမှာတော့ ဖူလ်ဟမ်အသင်းက ဝက်စ်ဟမ်းအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဘရန်းဖို့ဒ်အသင်းက ရီးဒင်းအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ပီတာဘရော့စ်အသင်းက ဘန်စလေအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


