ပရီမီယာလိဂ် ပွဲစဉ်(၆)ရဲ့ အောက်တိုဘာ ၁၁ ရက် ညပိုင်း နောက်ဆုံးပွဲစဉ်နဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ဧည့်သည်အဖြစ် လာရောက် ကစားခဲ့ရတဲ့ မန်စီးတီးအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၆၅ မိနစ်မှာ ဟာလန်းကတစ်ဂိုး၊ ၆၈ မိနစ်မှာ ဒိုကူကတစ်ဂိုး၊ ၇၈ မိနစ်မှာ ချာကီကတစ်ဂိုးအသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အိမ်ကွင်းအန်ဖီးလ်မှာ အနိုင်သုံးမှတ်ရရှိရေး ကြိုးပမ်းခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်မှာ ဂရာဗန်ဘာ့ခ်ျ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ကစားသမားတစ်ယောက်လျော့ဖြင့် ကစားခဲ့ရတာကြောင့် အိမ်ကွင်း ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ပွဲစဉ် အားလုံး အနိုင်ရရှိ ကာ ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်ကိုးမှတ်သာ ရရှိခဲ့လို့ အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


