လီဗာပူးအသင်း အိမ်ကွင်း၌ မန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့

၁၁  နိုဝင်ဘာ

ပရီမီယားလိဂ် ပွဲစဉ်(၁၂)အဖြစ် လီဗာပူးအသင်းနှင့် မန်စီးတီးအသင်းတို့ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက အိမ်ကွင်း အန်ဖီးလ် သုံးဂိုး-တစ်ဂိုးဆိုသည့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရမှတ် ၃၄ မှတ်ဖြင့် ရပ်တည်နေခဲ့ပြီး မန်စီးတီးအသင်းမှာ အမှတ်ပေးဇယား စတုတ္ထနေရာသို့ ရမှတ် ၂၅ မှတ်ဖြင့် ရောက်ရှိသွားခဲ့သည်။

 

5944

 

လီဗာပူးအသင်းအတွက် ဂိုးများကို ပွဲချိန် ၆ မိနစ်တွင် ဖာဘင်ညိုက အဝေးကန်သွင်းချက်ဖြင့် လှလှပပသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဒုတိယဂိုးကို ပွဲချိန် ၁၃ မိနစ်အရောက်တွင်  ရော်ဘတ်ဆင် ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို မိုဟာမက်ဆာလက်က အမှားအယွင်းမရှိ အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး တတိယဂိုးကိုတော့ ဟင်ဒါဆင်က ညာတောင်ပံကနေ ပေးပို့လိုက်သည့် ဘောလုံးကို မာနေးက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်သည်။ မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားက ပွဲချိန် ၇၈ မိနစ်တွင် သွင်းယူပေးခဲ့တာ ဖြစ်သည်။

 

5942

 

ယခုပွဲစဉ်တွင် အထူးခြားဆုံးဖြစ်ခဲ့တာကတော့ VAR စနစ်နှင့် လီဗာပူးနောက်ခံကစားသမား အာနိုး ပယ်နယ်တီ ဧရိယာအတွင်း နှစ်ကြိမ်အထိ လက်ထိဘော ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကတော့ ပယ်နယ်တီအဖြစ် ခွင့်ပြုပေးခဲ့ခြင်း မရှိခဲ့တာဘဲ ဖြစ်သည်။  လီဗာပူးကွင်းအတွင်း VAR TV တပ်ဆင်ထားခြင်း မရှိတာကြောင့် အဆိုပါလက်ထိဘောတွေကို ပရိသတ်တွေအနေနဲ့ မြင်တွေ့ခွင့် မရခဲ့ကြသလို VAR ဆုံးဖြတ်ချက်တွေဟာလည်း စောင့်ဆိုင်းစရာမလိုအောင် မြန်ဆန်ခဲ့တာကြောင့် မကျေနပ်မှုတွေ ပိုမိုများပြားလာခဲ့ကြသည်။

ပရီမီယားလိဂ် ပွဲစဉ်(၁၂)ပြီးချိန်မှာတော့ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာမှ လက်စတာအသင်းနှင့် တတိယနေရာမှ ချယ်လ်ဆီးအသင်းတို့ကို ၈ မှတ်အထိ အသီးသီး အမှတ် ဖြတ်ထားနိုင်ခဲ့ပြီး ယခုနှစ်ပရီမီယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် အလားအလာ ကောင်းနေပြီဖြစ်သည်။

လီဗာပူးအသင်းဟာ ပရီမီယားလိဂ် ပွဲစဉ်(၁၃)အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်သည်။