လေးမျက်နှာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက လေးမျက်နှာမြို့နယ် အခြေခံပညာမူလတန်း (အိုင်သပြု) တောင်ကျောင်း၌ ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
သန့်ရှင်းရေးဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စာသင်ခန်းများအတွင်းရှိ ရွှံ့နွံများ ဖယ်ရှားခြင်း၊ စာရေးခုံ၊ ထိုင်ခုံ၊ စားပွဲများ သန့်ရှင်းရေး ဆောင်ရွက်ပြီး ကျောင်းအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းသန့်ရှင်း သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်သာ


