Latest News

နောက်ဆုံးရသတင်းများ

စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း

နေပြည်တော် ဇူလိုင် ၂၂

စပါးခွံလောင်စာသုံး Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

စိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေဘဲ စိုက်ပျိုးရေချွေတာနိုင်မည့် မျိုး နှင့် နည်းပညာများ ပြောင်းလဲအသုံးပြုနိုင်ရေး ကြိုးပမ်း

ပြည်တွင်း

နေပြည်တော် ဇူလိုင် ၂၂
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မြေပြန့်နှင့် တောင်ပေါ်ကုန်းမြင့် ယာစပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

ပြည်တွင်း

နေပြည်တော် ဇူလိုင် ၂၂

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက် ကပ်လှူဒါန်းလျက်ရှိသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် လူနာအခြေပြု ရပ်ကွက်များနှင့် စာသင်ကျောင်း ၁၅ ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း

ပြည်တွင်း

စစ်တွေ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တပ်မတော်ဆေးဘက်ဆိုင်ရာသူနာပြုတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်း၍ လူနာအခြေပြု ရပ်ကွက်နှင့် အခြေခံပညာကျောင်း(၁၅) ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။