Latest News

နောက်ဆုံးရသတင်းများ

“ စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေ ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

နေပြည်တော် ဩဂုတ် ၁၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂) ကို “ စီးပွားရေး စာချုပ်စာတမ်း များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ  ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာ ယကဆရာတော်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဩဝါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်တွင်း

နေပြည်တော် ဩဂုတ် ၁၇

နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီး အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်သို့ သွားရောက်ဖူးမြော်၍ ဩဝါဒကထာ နာယူကြည်ညိုသည်။

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်

ပြည်တွင်း

နေပြည်တော် ဩဂုတ် ၁၇

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။