လားရှိုးမြို့တွင် အသက် ၅ နှစ်မှ ၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံပေး

လားရှိုး အောက်တိုဘာ ၁၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် အသက် ၅ နှစ်မှ ၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား အမီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်အရ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကာကွယ်ဆေးများထိုးနှံ‌ပေးရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူစုစု‌ပေါင်း ၇၁၀ ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးမှတ်တမ်းရေးသွင်းခြင်းနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)