လားရှိုးမြို့၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

လားရှိုး ဩဂုတ် ၁၆

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၁၅  ရက်က အထက(၂)၌ ကျင်းပရာ  ရှမ်းပြည်နယ်(မြောက်ပိုင်း) မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တာဝန်ခံ ဒေါ်ခတ္တာထွန်းနှင့် တာဝန်ရှိသူများက အာဟာရအုပ်စု (၃)စု ပြိုင်ပွဲယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်‌ရေးအဖွဲ့ တာဝန်ခံက အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟန်နိုင်စိုးနှင့် ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းတို့က ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့ တာဝန်ခံ၊ ကျန်းမာ‌ရေးဌာနနှင့် ပညာရေးဌာနတို့မှ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဆုရရှိသော ကျောင်းများအား လည်းကောင်း၊ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ အာဟာရအုပ်စု (၃) စု ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား လည်းကောင်း ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရ ကျွေးမွေးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)