လာလီဂါဘောလုံးပွဲစဉ်တွေ ဇွန် ၁၁ ရက်ပြန်စပြီ

၁ ဇွန်

 

 

စပိန်နိုင်ငံက လာလီဂါဘောလုံးပွဲစဉ်တွေဟာ ဇွန် ၁၁ ရက်နေ့မှာ ပြန်လည်စတင်မှာဖြစ်ရာ Sevilla နဲ့ Real Betis အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဘောလုံးပွဲစဉ်တွေကို မတ်လ ၁၂ ရက်နေ့စပြီး ရပ်နားခဲ့ရမှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ ထိပ်တန်းအသင်း ဘာစီလိုးနား ပွဲစဉ်ကို ဇွန် ၁၃ ရက်မှာ ကစားမှာဖြစ်ပြီး နောက်တစ်ရက်မှာ ရီရဲမက်ဒရစ်ပွဲစဉ်ကို ကစားမှာ ဖြစ်ပါတယ်။

 

 

ကျန်ရှိနေတဲ့ လာလီဂါရဲ့ ဘောလုံးရာသီကို ဇူလိုင် ၁၉ ရက်နေ့မှာ အပြီးကစားဖို့ စပိန် ဘောလုံးအဖွဲ့ချုပ်နဲ့ လာလီဂါတို့ သဘောတူညီထားကြောင်း သိရပါတယ်။

 

 

နောက်ရာသီကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်စတင်မှာဖြစ်ပြီး ပွဲစဉ်တိုင်းမှာ ၇၂ နာရီအတွင်း ကစားကြမယ့် သက်ဆိုင်ရာ ဘောလုံးအသင်းတွေကို အသိပေးဖို့ပါ သဘောတူကြောင်း၊ ရာသီဉတု အခြေအနေကိုလိုက်ပြီး တစ်ရက်ကို ပွဲစဉ်နှစ်ပွဲစီ ကစားဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။

 

 

MDN

Ref: AFP