ကဝမြို့နယ်၌ ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ကဝ ဩဂုတ် ၂

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဘဲဥ၊ ကြက်ဥ နှင့်ဟင်းသီးဟင်းရွက်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးကြီး၌ ရောင်းချပေးလျက်ရှိသည်။

 

ရောင်းချပေး

 

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကကြီးကြပ်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ ရောင်းချပေးလျက်ရှိကြောင်း၊ သက်သာသောဈေးနှုန်း၊ မှန်ကန်သောအလေးချိန်များဖြင့် ယခုရက်သတ္တပတ်၌ ဆန်၊ ဆီ၊ အသားတိုးကြက်သား၊ တိုင်းရင်းကြက်၊ ဝက်သား၊ အမဲသား၊ ကြက်ဥ စသည်တို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)