ကပ်ရောဂါပိုးကြောင့် အီဂျစ်နိုင်ငံက အိုးအိမ်မဲ့တွေနဲ့ လမ်းတွေပေါ် ကလေးငယ်တွေဟာ ပိုပြီး ဒုက္ခရောက်ရ

၁၅ ဇူလိုင်

 

 

အီဂျစ်နိုင်ငံက လမ်းတွေပေါ်မှာ တစ်ရှုးစက္ကူ ရောင်းနေတဲ့ ဇိမ်နက်တို့လို အိမ်ခြေရာမဲ့တွေဟာ ကပ်ရောဂါကြောင့် နေထိုင်ရေးမှာ အခက်အခဲ ဖြစ်ရကြောင်းပြောပါတယ်။

 

 

ဒါပေမယ့် ဇိမ်နက်နဲ့အတူ အိုးအိမ်မဲ့တွေနဲ့ လမ်းပေါ် ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ သူတို့တတွေအပေါ်မှာ ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ လုပ်ဆောင်တာတော့ ကျဆင်းသွားကြောင်း ပြေပါတယ်။

 

 

တစ်နှစ်သား အရွယ်ကလေးငယ်ရဲ့ မိခင် ဇိမ်နက်က လူတွေက သူတို့လို လူတွေကို တို့ရ ထိရမှာကို ကြောက်တဲ့အတွက် ကိုယ်ထိလက်ရောက်မှု နည်းသွားကြောင်း၊ ဒါပေမယ့် အလုပ်တွေ မလုပ်ရတဲ့အတွက် ဝင်ငွေနည်းကြောင်း ပြောပါတယ်။

 

 

လူဦးရေ သန်း ၁၀၀ နေထိုင်တဲ့ အီဂျစ်နိုင်ငံမှာ သုံးပုံတစ်ပုံသော လူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လမ်းမပေါ်မှာနေတဲ့ လူငယ်နဲ့ ကလေးငယ်တွေဟာ မကြာခဏ နှုတ်အား၊ ကိုယ်အားနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ခေါင်းပုံဖြတ်ခံရလေ့ ရှိပါတယ်။

 

 

၂၀၁၄ ခုနှစ်မှာ အီဂျစ် အာဏာရှိသူတွေရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ လမ်းပေါ်မှာ နေထိုင်တဲ့ ကလေးငယ်နဲ့ လူငယ် အရေအတွက် ၁၆,၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် အီဂျစ်နိုင်ငံမှာ သုံးလတာ ပြဌာန်းထားတဲ့ ကာဖျူးအမိန့်ကြောင့် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်မှု ရှိနေတဲ့အတွက် ဇွန်လကုန်ပိုင်းမှာ ရုတ်သိမ်းခဲ့ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် လူ ၄, ၀၀၀ သေဆုံးပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၃,၀၀၀   ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP