ကန်တော်မင်္ဂလာရောင်းဝယ်ရေးအသင်း အစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်

ရန်ကုန် ဩဂုတ် ၃၁

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေးအနောက်ရပ်ကွက် ကန်တော်မင်္ဂလာရောင်းဝယ်ရေးအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ပြန်လည် ရွေးချယ်ခြင်း အခမ်းအနားကို သြဂုတ် ၃၁ ရက်က ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကန်တော်ကလေးအနောက်ရပ်ကွက် ကန်တော်မင်္ဂလာရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်အေးဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင်အစီရင်ခံစာနှင့် အသင်းသားစာရင်းစစ် အစီရင်ခံစာများအား အမှုဆောင်တစ်ဦးက ဖတ်ကြားအတည်ပြုသည်။

 

ယင်းနောက် အမှုဆောင်သစ်ရွေးချယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမှုဆောင် ငါးဦး၊ အသင်းသားစာရင်းစစ် နှစ်ဦးအား ရွေးချယ်အတည်ပြုပြီး ကတိသစ္စာပြုခြင်းဆောင်ရွက်ခဲ့ကာ တက်ရောက်သူ အသင်းသားများအား အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)