ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ လိုက်နာကာကွယ် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်

၂၇ ဇန်နဝါရီ

ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်နေ့အထိသည် တရုတ်နှစ်သစ်ကူး ကာလဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူ နှစ်သစ်ကူးကာလရှည်ပိတ်ရက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် 2019 Novel Coronavirus (2019-nCoV) စတင် ဖြစ်ပွားခဲ့မှုကြောင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ၊ နှစ်သစ်ကူးအပန်းဖြေခရီးသွားများဖြင့် မစည်ကားနိုင်တော့ပေ။ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့် များအတွက် ကန့်သတ်ချက်နှင့် စည်းကမ်းသတ်မှတ် ချက်များကိုတိုးမြှင့်ထုတ်ပြန်ခြင်းအပါအဝင် Coronavirus ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်မှု အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။

ခုတင် ၁၀၀၀ ဆံ့ ဆေးရုံသစ် ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၅၆ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ကူးစက်ခံရသူများကို သီးသန့်ကုသမှုပေး နိုင်ရန်အတွက် ခုတင် ၁၀၀၀ဆံ့ ဆေးရုံသစ်ကို ရက်ပိုင်းအတွင်းပြီးစီးရန် သက်ဆိုင်ရာအာဏာပိုင်များက အလေးပေးဆောင်ရွက်လျက်ရှိသည်။

ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအခြေအနေကြောင့် ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသား ကျောင်းသူ ၆၀ အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် ကျောင်းသား ကျောင်းသူများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်လျက်ရှိပြီး ၎င်းတို့အတွက် စားရေးသောက်ရေး အခက်အခဲမရှိစေရန် ရက် သတ္တတစ်ပတ်စာ အစားအစာများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ ပေးပို့ထားပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ပေကျင်းမြို့တို့အနေဖြင့် ကာယကံရှင်ကျောင်းသားကျောင်းသူများ၊ မိဘများနှင့် ပြည်သူများ စိုးရိမ်ပူပန်မှုလျော့ပါးစေရေးအတွက် လိုအပ်သည့်အစီအမံများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့ အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက် လျက်ရှိရာတွင် အခြေအနေနှင့် အချိန်အခါပေးသည်နှင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ပေကျင်းမြို့ ရှိ မြန်မာသံရုံးနှင့် ကူမင်းမြို့၊ နန်နင်းမြို့နှင့် ဟောင်ကောင် တို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သို့ ဆက်သွယ်အကူ အညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များကို ပေကျင်းမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံတွင် ဖြစ်ပွား qorov Virus copolo: Novel Coronavirus ပိုးအမျိုးအစားဖြစ်သည်ဟု ဇန်နဝါရီ ၇ ရက်က အတည်ပြု ကြေညာခဲ့သော်လည်း ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေ (Public Health Emergency of International Concern - PHEIC) အဖြစ် ကြေညာခြင်းမပြုသေးပေ။

စောင့်ကြပ်ကြည့်ရှု တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ရုရှား၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဟောင်ကောင်၊ ထိုင်ဝမ်လေဆိပ်၊ ရေဆိပ်များရှိ ခရီးသည်များ၊ အထူးသဖြင့် ဝူဟန်မြို့မှပြန်လာသည့် ခရီးသည်များကို အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်လျက်ရှိသည်။ 2019 Novel Coronavirus (2019-nCov) ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံတွင်သာမက ကမ္ဘာအနှံ့တွင်ပါ တွေ့ရှိလာရသည့်အတွက် ကမ္ဘာအနှံ့ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ကူးစက်ခံရသည့် နိုင်ငံများအနေဖြင့် လူနာများကို သီးသန့်ထားကုသမှု ပေးလျက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများသို့ Coronavirus ကူးစက်မှုရှိသော်လည်း မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆောင်ရွက်လျက်ရှိ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် ရောဂါဖြစ်ပွားရာ ဂူဟန်မြို့နှင့် တိုက်ရိုက်လေကြောင်းလိုင်းတချို့ရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သောရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကကျန်းမာရေး ဝန်ထမ်းများကို လေဆိပ်ကျန်းမာရေးဌာနခွဲများတွင် အချိန်ပြည့် တာဝန်ချထားခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာလေကြောင်း လိုင်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ သီးသန့်လူနာခန်းများ ပြင်ဆင်ထားရှိရန် ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက် များထုတ်ပြန်ခြင်း၊ အဆုတ်ရောင်ရောဂါစောင့်ကြပ်ကြည့် ရှုခြင်းအတွက် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်များကို လက်ရှိဖြစ်စဉ်နှင့် ကိုက်ညီအောင် မွမ်းမံပြင်ဆင်ရေးဆွဲခြင်းများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိသည်။

“ဇန်နဝါရီလ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရောဂါပိုး တွေ့ရှိရသူ မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေဖြစ်တဲ့ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော် လေဆိပ်တွေမှာ Thermal Scanner တွေနဲ့ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ Goologo Thermal Scanner cozi Non-contact Thermometer တွေနဲ့ အဖျားရောဂါစောင့်ကြပ်ကြည့်ရှု ခြင်းကို အထူးအရေးပေး ဆောင်ရွက်လျက်ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ သံသယလူနာ တွေ့ရှိပါက အချိန်မီလွှဲပြောင်းကုသဖို့အတွက် ရန်ကုန်က ဝေဘာဂီဆေးရုံကြီး၊ မန္တလေးက မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်က ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီးတွေကို သတ်မှတ်ဆောင်ရွက်ထားပြီး သီးသန့် လူနာခန်းများ ပြင်ဆင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ အဆင်သင့်ရှိစေဖို့ စီစဉ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အင်တာဗျူးမေးမြန်းမှုတွင် ဖြေကြားထား သည်။ ။ 2019 Novel Coronavirus ပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်လူနာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်လက္ခဏာများ ခံစားရကြောင်းတွေ့ရှိရပြီး ရောဂါပြင်းထန်သူများတွင် နောက်ဆက်တွဲအနေဖြင့် အသက်ရှူရခက်ခဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရင်ဘတ်ဓာတ်မှန်တွင် အဆုတ်ခဲ့သည့်လက္ခဏာများတွေ့ရခြင်း၊ အသက် ရှူလမ်းကြောင်းစနစ် ပျက်စီးခြင်း၊ ဝမ်းတွင်းကလီစာများ ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်းနှင့် အသက်သေဆုံးခြင်း အထိ ဖြစ်ပွားနိုင်သည်။

အဆုတ်ရောင်ရောဂါကူးစက်ဖြစ်မှုကို ကာကွယ်နိုင်ရန် Coronavirus ပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့်အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေရာများကို သွားလာခြင်းမှရှောင်ကြဉ်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ် လုံခြုံအောင်ဖုံးအုပ်ထားသော အဝတ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်း၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့်ထိတွေ့သော အရာဝတ္ထုများအား အသုံးပြုကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့်တိုက်ရိုက်ထိတွေ့ပြီးသည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့် ရှင်းမှုဂရုပြုဆောင်ရွက်ခြင်း၊ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့်အစားအစာများစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လူနာအားထိတွေ့ကိုင်တွယ်ရသည့် အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်း မရှိ cong Infection Prevention and Control အား အထူးဂရုပြုလိုက်နာခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတစ်ဆင့်ဝင်ရောက်လာသော ပြည်တွင်း/ ပြည်ပခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက် (Travel Advice) လိုက်နာခြင်း၊ ရောဂါလက္ခဏာများတွေ့ရှိ သည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းများထံ သတင်းပို့၍ ကုသမှုခံယူခြင်းတို့ဖြင့် ကာကွယ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

တိုက်တွန်း နှိုးဆော်ထား ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းများ ဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များနှင့် 2019 Novel Coronavirus (2019-nCovač vo wowpl အကြောင်းအရာများကို ပြည်သူများသိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် Website (https://www. mohs.gov.mm/) Facebook pagei Myanmar CDC Facebook Page (https://web.facebook.com/Myanmar CDC/) နှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၏ Facebook page တို့တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင် ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ရှင်မင်း