ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းဧက ၁၃၀၀ ကျော် စိုက်ပျိုးရန်လျာထား

 

ကျွန်းလှ အောက်တိုဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုရှိပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းဧက ၁၃၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ကျွန်းလှမြို့နယ်မှာ အစေ့ထုတ်ပြောင်းကို မိုးရာသီ အများဆုံးစိုက်ပျိုးကြပြီး ဖူးစားပြောင်းကိုတော့ ဆောင်းရာသီ အဓိကစိုက်ပျိုးကြပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ဖူးစားပြောင်းစိုက်ပျိုးဖို့ ၁၃၃၉ ဧက စိုက်ပျိုးရန်လျာထားပါတယ်။ စိုက်ပျိုးရာမှာ တောင်သူတွေ ချောင်းရေ၊ မြောင်းရေနဲ့ မြေအောက် ရေတင် စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

အဆိုပါ ဖူးစားပြောင်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ သီးထပ်စိုက်ပျိုးရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရေးအတွက် ဖူးစားပြောင်း စိုက်ပျိုးကြကြောင်း သိရသည်။

 

မျိုးဝင်းညို ကျွန်းလှ