ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း လျာထားချက်ထက် ဧက ၁၇၀၀ကျော် ပိုမိုစိုက်ပျိုးနိုင်

ကျွန်းလှ ဩဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပဲမျိုးသီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း လျာထားချက်ထက် ဧက ၁၇၀၀ ကျော်ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။

 

“ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီ ပဲတီစိမ်းစိုက်ပျိုးဖို့ ၃၆၄၁ ဧက လျာထားတဲ့အနက် ၅၄၀၁ ဧက (၁၄၈ ဒသမ ၃၄) ရာခိုင်နှုန်းစိုက်ပျိုးနိုင်ပြီး ၁၇၆၀ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

အဆိုပါ မိုးရာသီစိုက်ပျိုးသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်း အသိပညာပေးလျက်ရှိသည်။

 

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံနှင့် အခြားသီးနှံများစိုက်ပျိုးကြကြောင်း သိရသည်။

 

မျိုးဝင်းညို ကျွန်းလှ