ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီး

ကျွန်းလှ အောက်တိုဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးထုတ် လုပ်ကြရာ ယခုနှစ် မိုးရာသီစိုက်ပျိုးခဲ့သော မိုးမြေပဲစိုက်ဧကအားလုံး ရိတ်သိမ်းပြီး ဖြစ်သည်။

 

“ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီ မြေပဲစိုက်ပျိုး ဖို့ ၇၅၈၂ ဧကလျာထားတဲ့အနက် ၇၂၅၆ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ အခုအခါ မြေပဲစိုက်ဧကအားလုံး ရိတ်သိမ်းပြီး တစ်ဧက ၄၃ ဒသမ ၅၃ တင်းထွက်ရှိ ပါတယ်။ တောင်သူတွေ ဆောင်းမြေပဲ သီးထပ်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

အသိပညာပေး

 

အဆိုပါ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်း အသိပညာပေးခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)