ကြံခင်းမြို့နယ်၌ စားအုန်းဆီအရောင်းစျေးကားဖြင့် ကျေးရွာအရောက် ရောင်းချပေး

ကြံခင်း အောက်တိုဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မဲကုန်းကျေးရွာတွင် ယနေ့ညနေပိုင်းက ကျေးရွာနေအခြေခံပြည်သူများ စားအုန်းဆီများ သက်သာစွာ ဝယ်ယူနိုင်စေရန်အတွက် စားအုန်းဆီအရောင်းစျေးကားဖြင့် ကျေးရွာအရောက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။

 

ကြည့်ရှုအားပေး

 

ထိုသို့ရောင်းချနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဝင်းမော် တို့က မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မဲကုန်း ကျေးရွာရှိ အခြေခံပြည်သူများ စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စားအုန်းဆီ ပိဿာ ၁၁၀ ကို အိမ်ထောင်စု ၂၂၀ အတွက် စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာလျှင် ၈၀၄၆ ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားစီ ရောင်းချပေးနေမှု၊ စနစ်တကျ ဝယ်ယူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)