ကင်ရှာဆာ ဩဂုတ် ၃၁
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားသူ ၆၀၀၀ ကျော်ရှိရာ သေဆုံးသူ ၃၀၀၀ နီးပါးရှိကြောင်း ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်များအရ သိရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ပြည်နယ်ခြောက်ခုတွင် အီဘိုလာရောဂါဖြစ်ပွားသူ ၆၀၄၁ ဦးရှိကာ သေဆုံးသူ ၂၉၁၁ ဦးရှိသဖြင့် ရောဂါဖြစ်ပွားသူများအနက် သေဆုံးမှုနှုန်းမှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ဒေသတွင်းအာဏာပိုင်များက ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ စုစုပေါင်းလူနာ ၁၃၆၆ ဦးမှာ ပြန်လည်ကျန်းမာလာကြပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


