ကင်ဆာရောဂါ ကုသနေစဉ် diet စားခြင်းက အထောက်အကူဖြစ်ကြောင်း လေ့လာတွေ့ရှိ

၁ သြဂုတ်

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစာအစာကို စားသုံးခြင်းဟာ ဆီးချိုးရောဂါနဲ့ သွေးတိုးရောဂါတွေကို ထိန်းချုပ်ရာမှာ အဓိက အချက်တစ်ခုဖြစ်ပါတယ်။ အခုချိန်မှာ လေ့လာသုတေသနမှုအသစ်ကနေ ကင်ဆာရောဂါ ကုသရာတွင်လည်း ဒိုင်းယက်ဖြစ်တဲ့ အစားအသောက်တွေက ကူညီရာရောက်ကြောင်း သိရပါတယ်။ 

အဲဒီလေ့လာတွေ့ရှိချက်ကို ဒီကနေ့ ကြာသပတေးနေ့မှာ ထုတ်ဝေတဲ့ Nature ဂျနယ်မှာ ရေးသားထားပါတယ်။ ကြွက်ဖြူလေးတွေနဲ့ သုတေသနပြုလုပ်ရာမှာ အနီရောင်အသားတွေနဲ့ ဥတွေမှာ တွေ့ရှိရတဲ့ အမိုင်နိုအက်ဆစ်ကို ထိန်းချုပ်ခြင်းအားဖြင့် ကင်ဆာအကြိတ်ကြီးထွားမှုကို နှေးကွေးစေကြောင်း သိရပါတယ်။ 

ဒိုင်းယက်စားသုံးခြင်းဟာ သောက်သုံးနေတဲ့ ဆေးတွေ နဲ့ ဓါတ်ကင်ကုသနေခြင်းကို ပိုပြီး အကျိုးသက်ရောက်စေကြောင်း ဒူ့ခ်ဆေးပညာတက္ကသိုလ်ရဲ့ သုတေသနပညာရှင် ဂျက်ဆင်က ပြောပါတယ်။ 

အမိုင်နိုအက်ဆစ် မသိုင်းယက်နီ က ကင်ဆာဆဲလ်ကို ကြီးစေတဲ့ အဓိက ဓါတ်ပစ္စည်းတစ်ခုဖြစ်တယ် ဒါကြောင့် အဲဒီဓါတ်ကို ပြတ်တောက်ခြင်းအားဖြင့် ကုသရာမှာ အစွမ်းထက်လာခြင်းဖြစ်ပါတယ်။ 

မသိုင်းယက်နီကို ပြတ်တောက်ခြင်းက အရွယ်ရင့်ခြင်းကို ကာကွယ်စေခြင်းနဲ့ ကိုယ်အလေးချိန် ကျစေနိုင်တာကိုလည်း တွေ့ရပါတယ်။ ကင်ဆာဆဲလ်အတွက် အဟာရဓါတ်ကို မပေးခြင်းအားဖြင့် ကုသရာမှာ အကျိုးသက်ရောက်စေတာဖြစ်ပါတယ်လို့ ဂျက်ဆင်က ပြောပါတယ်။ 

MDN
ကိုးကား- AFP