ကျွန်းစု ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အထက (ပန်းဇင်) ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)


