ဖနောင်ပင် အောက်တိုဘာ ၁၅
ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာအော်ဒါများ တိုးလာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုပူးပေါင်းပါဝင်လာခြင်းကြောင့် ယခုနှစ် ပထမကိုးလအတွင်း စက်ဘီးနှင့် လျှပ်စစ်စက်ဘီးတင်ပို့မှုမှာ ၂၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။
ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၅၂ သန်းတန်ဖိုးရှိ စက်ဘီးနှင့် လျှပ်စစ်စက်ဘီးများကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပေးပို့သည့်အချက်အလက်များအရ သိရသည်။ အဆိုပါပမာဏမှာ ယမန်နှစ်အလားတူကာလအတွင်း မှတ်တမ်းတင် ထားသည့် ဒေါ်လာ ၄၄၈ သန်းထက် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတင်ပို့မှုများကို အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ အပါအဝင် အနောက်နိုင်ငံများ၏ ဈေးကွက်များသို့ အဓိကတင်ပို့ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောကြားသည်။
စက်ဘီးနှင့်လျှပ်စစ်စက်ဘီးများသည် အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားပစ္စည်းများနှင့် ကားတာယာများကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကထုတ်ကုန်ပစ္စည်းဆိုင်ရာ ပို့ကုန်တစ်ခုအဖြစ် တိုးတက်လာခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


