ဖနောင်ပင် စက်တင်ဘာ ၂
ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေသည် အမျိုး သမီး ၆ ဒသမ ၈ သန်းနှင့် အမျိုးသား ၆ ဒသမ ၃ သန်းဖြင့် စုစုပေါင်း ၁၃ ဒသမ ၁ သန်းခန့်အထိရှိကြောင်း စီမံကိန်းဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းဌာန၏ စက်တင်ဘာ ၂ ရက် ထုတ်ပြန်သော ကမ္ဘောဒီးယားလုပ်သားအင်အား စစ်တမ်း ၂၀၂၅ အစီရင်ခံစာအရ သိရသည်။
အလုပ်လုပ်ကိုင်နိုင်သော လူဦးရေအများစုမှာ ကျေးလက်ဒေသများမှ အများဆုံးဖြစ်ကာ ၇ ဒသမ ၈ သန်း ရှိပြီး မြို့ပြဒေသများတွင် ၅ ဒသမ ၃ သန်းသာရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ ပင်မအလုပ်အကိုင်များအတွက် ပျမ်းမျှလုပ်ခလစာသည် အမေရိကန်ဒေါ်လာ ၃၀၀ ဖြစ်ကြောင်း သိရသည်။ အမျိုးသားများအတွက်လုပ်ခလစာမှာ အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာဖြစ်ပြီး အမျိုးသမီးများအတွက် လုပ်ခလစာမှာ ဒေါ်လာ ၂၈၀ ဖြစ်သောကြောင့် အမျိုးသားနှင့် အမျိုးသမီးကြား လုပ်ခလစာ ကွာဟမှုများရှိကြောင်း သိရသည်။
ဆင်ဟွာ


