ကမ္ဘာတည်သရွေ့ လက်ဆင့်ကမ်း

မြန်မာမင်းများလက်ထက်တွင် မြန်မာ့ပညာရေးစနစ်သည် ဘုန်းတော်ကြီး ကျောင်းများကို အခြေပြုခဲ့သည်။ မင်းညီမင်းသားများမှသည် ကျေးလက် တောရွာတောင်သူလယ်လုပ် သားသမီးများအုန်း သင်ပညာရေးကို တစ်ပြေးညီ သင်ယူကြပြီး ဗုဒ္ဓဘာသာအခြေခံနှင့် ဆုံးမဩဝါဒများကို ကိုယ်ကျင့်တရားနှင့် အသိအလိမ္မာများထိုမှတစ်ဆင့် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ သင်္ချာက္ခမ်း နက္ခတ်ကျမ်း သင်္ချာနီတိ ကျမ်း စသည် တို့ကို သင်ကြားကြရသည်။ ရှေးခေတ်မြန်မာ့ပညာရေးသည် ပဒေသရာဇ်ခေတ်၏ လူမှုစီးပွားရေးနှင့် အံဝင်ခွင်ကျရှိခဲ့သလို သူ့ဘေးတွင် အဆင့်အတန်း မြင့်မားခဲ့သည့်အလျောက် မြန်မာတို့သည်လည်း အနီး ပတ်ဝန်းကျင်နိုင်ငံများကို လွှမ်းမိုးနိုင်ခဲ့သည် ။

 

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၄ ခုနှစ် မြန်မာနိုင်ငံ အောက်ပိုင်း တွင် ဗြိတိသျှအစိုးရက ပညာရေးဌာန တည်ထောင်ဖွင့်လှစ်ပြီးနေကာ မြန်မာ့ ပညာရေးစနစ် အပြောင်းအလဲဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသင် ပညာရေးသည်လည်း ကိုလိုနီခေတ်တွင် ပြောင်းလဲလာသည့် အခြေအနေ အရပ်ရပ်နှင့် အံဝင်ခွင်ကျမရှိတော့သည်နှင့်အမျှ သင်ယူ လိုသူများ တစ်စတစ်စ နည်းပါးလာပြီး ဗြိတိသျှအစိုးရက ဖွင့်လှစ်သည့် အတန်းကျောင်းများတွင် သင်ယူသူများပြားလာသည်။ ၁၈၇၈ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ် ဥပစာတန်းစာမေးပွဲ ဝင်ရောက်ဖြေဆို ရန် ရန်ကုန်အထက်တန်းကျောင်းတွင် ကျောင်းသားများကို လက်ခံ သင်ကြားပေးခဲ့ရာမှ မြန်မာနိုင်ငံတွင် ကောလိပ်ပညာရေးစတင်ခဲ့ပြီး ၁၈၈၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။

 

တစ်ချိန်တည်းမှာပင် အမေရိကန် ခရစ်ယာန်အသင်းက ဖွင့်လှစ်သည့် ဂျပ်ဆင် ကောလိပ် (ယုဒဿန်ကောလိပ်)ကလည်း ထင်ရှားလာသည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် တို့ကို ပေါင်းစည်းပြီး တက္ကသိုလ်ဖွင့်လှစ်ရေးဆောင်ရွက်ခဲ့ရာ တက္ကသိုလ် ဥပဒေပါ အချက်များနှင့် စပ်လျဉ်း၍ ကျောင်းသားများ၏ သပိတ် တိုက်ပွဲများ။ ။

 

၁၉၂၀ ပြည့်နှစ် တက္ကသိုလ်(ယူနီဗာစီတီ) အက်ဥပဒေသပိတ်၏ အနှစ် သာရမှာ မြန်မာအမျိုးသားတို့ နိုင်ငံရေးနိုးကြားမှုကြီး မကြုံစဖူး အုံကြွ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ နယ်ချဲ့ အုပ်စိုးသူတို့ကို “သခင်"ခေါ်၍ “ဘုရား” ထူးနေခေါ်၍ “ဘုရား” ထူးနေခဲ့ရသည့်အခြေအနေမှ မိမိတို့သည် ကျွန်လူမျိုးမဟုတ်။ ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်ခဲ့ကြသည့် လူမျိုးများဖြစ်သည် ဟူသော အမျိုးသားရေး စိတ်ဓာတ်များ နိုးကြား တက်ကြွမှုနှင့်အတူနယ်ချဲ့ကို စတင်အန်တုဖက်ပြိုင်မှုပြုခြင်းက အဆိုပါသပိတ်၏ အနှစ်သာရပင် ဖြစ်သည်။

 

သပိတ်မှောက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဆရာဟိန်က "၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ရက်နေ့ နံနက်အချိန်တွင် ရန်ကုန်မြို့လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် အနောက်တောင်ထောင့်အရပ် သစ်ပင်ကြီးတစ်ပင်အောက်၌ လူငယ်လူရွယ် ၁၁ ယောက် ခန့်တို့သည် အရေးကြီးသော ကိစ္စတစ်ခု အတွက် စိတ်အားထက်သန်စွာဆွေးနွေးတိုင်ပင်လျက်နေကြလေသည်။ ၎င်းတို့တိုင်ပင်ဆွေးနွေးခဲ့ကြသောကိစ္စကြီးမှာ နောင်အခါတွင် နိုင်ငံကို တုန်လှုပ်ချောက်ချားစေမည့်ကိစ္စကြီးပင် ဖြစ်လေသည်"ဟူ၍ ၁၉၃၃ ခုနှစ်ဧပြီလတွင် ထုတ်ဝေခဲ့သည့် “မြန်မာ့အလင်း နှစ်သစ်မင်္ဂလာ သတင်းစာ”တွင် အမှတ်တရပြန်လည်ရေးသားဖော်ပြခဲ့သည်။

 

ဆက်လက်၍လည်း “၁၂၈၂ ခု၊ တန်ဆောင်းမုန်းလပြည့်ကျော်၁၀ ရက် တနင်္ဂနွေနေ့နံနက်အချိန်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် ကျောင်းသားများသည် လာကြဟေ့၊ ထွက်ကြလော့ဟု တစ်ဦးကို တစ်ဦး ခေါ်ကာ ကျောင်းများမှထွက်လာကြပြီးသော် ဗဟန်းကြားတောရ ပရိဝုဏ် မြောက်ဘက် ရေတွင်းကလေးအနီးရှိ ဇရပ်တစ်ဆောင်သို့ ၆ဝဝ ကျော်ခန့် ကျောင်းတော်သားတို့သည် စုရုံးရောက်လာကြလေသည်” ဟူ၍ ဆရာဟိန် ကမှတ်တမ်းပြုဖော်ပြခဲ့သည်။ နိုင်ငံကို တုန်လှုပ်ခပ်ချောက်ချားစေမည့် ကိစ္စကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။

 

၁၉၂၁ ကျောင်းသားသပိတ်ဖြစ်ရပ်ကြီးမှာ နှစ်ပေါင်း ၁၀၀ ခန့်ပင်ရှိခဲ့ပြီ။ ယခုနှစ်သည် ရာပြည့်အကြိုနှစ်ဖြစ်သည် ခုနှစ်သည် ရာပြည့် အကြို နှစ်ဖြစ်သည်။ ယင်းမှစတင် နိုးကြာခဲ့သည့် အမျိုးသားစိတ်ဓာတ်၊ အမျိုးသားရေး ဇာတိမာန်နှင့် အမျိုးသားရေး စုပေါင်းအင်အားတို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပန်းတိုင်ဆီသို့ ဆက်လက် သယ်ဆောင် ပို့ပေးနိုင်ခဲ့သည်။

 

အမျိုးသားရေးစိတ်ဓာတ်ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအဖြစ် ခိုင်ခိုင်မာမာ၊ ခံ့ခံ့ထည်ထည် ရပ်တည်နိုင်ရေးတွင် ကမ္ဘာတည်သရွေ့ လက်ဆင့်ကမ်း တည်တံ့ရမည့်အမွေတစ်ရပ်ဟု ဆိုအပ်ပါကြောင်း။ ။

မြန်မာ့အလင်း