အပြည်ပြည်ဆိုင်ရာ အများပြည်သူအသံလွှင့်ဌာနများအဖွဲ့(PBI)၏ နှစ်ပတ်လည်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အများပြည်သူဝန်ဆောင်မှု အသံလွှင့်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နည်းပညာဆန်းသစ်တီထွင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း၊ အထူးသဖြင့် ဉာဏ်ရည်တု (AI)နည်းပညာ ပေါ်ပေါက်လာခြင်းတို့ကြောင့် မီဒီယာလုပ်ငန်းနှင့် ပရိသတ်များ၏ အခြေအနေများ ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အများပြည်သူဝန်ဆောင်မှု မီဒီယာများသည် အလားတူစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းမီဒီယာများ ဆက်လက်တည်ရှိနေရန် လိုအပ်မှုအပေါ်ပင် မေးခွန်းထုတ်မှုများရှိလာကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


