စင်ကာပူ အောက်တိုဘာ ၇
ကမ္ဘာတစ်ဝန်းမှ စီးပွားရေးခေါင်းဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် AI (ဉာဏ်ရည်တု) နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးအပါအဝင် အကြောင်းအရာအများအပြားကို တွေ့ဆုံဆွေးနွေးရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေကြကြောင်း သိရသည်။
ဆွေးနွေးပွဲ၏ ရည်မှန်းချက်တစ်ခုမှာ AI ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အပေါ် မှီခိုအားထားမှုလျှော့ချရန် ဖြစ်သည်။ မေလ်ကင်န်အင်စတီကျု အာရှထိပ်သီးအစည်းအဝေး ၂၀၂၆ ကို အောက်တိုဘာ ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းမှာ အကျိုးအမြတ်မယူသော အမေရိကန်အခြေစိုက် သုတေသနအဖွဲ့က ကြီးမှူးကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတစ်ခုဖြစ်သည်။
အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၅၀ ခန့်မှ လူပေါင်း ၁၅၀၀ ခန့် ပါဝင်တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
ပထမနေ့၏ အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ခုမှာ AI ဘေးကင်းလုံခြုံရေးအပြင် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် AI နည်းပညာကို လွတ်လပ်စွာ မည်ကဲ့သို့ အသုံးပြုနိုင်မည်နည်းဆိုသည်ကို ဆွေးနွေးသွားဖွယ်ရှိသည်။ အဆိုပါညီလာခံကို အောက်တိုဘာ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


