ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသန်း ၁၅ဝ ကျော်လွန်လာ

မာရီလန့်ဒ် ၁ မေ

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းသည် ယခုအခါ သန်း ၁၅၀ ကျော်လွန်လာပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၅ဝ၁၂၄၂၄၈ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဧပြီ ၃ဝ ရက် ကမ္ဘာ့စံတော်ချိန် ၄:ဝဝ နာရီအထိ စုဆောင်းထားသော သတင်းအချက်အလက်များက ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၂၂၈၈၇၆၄ ဦးဖြင့် ပထမနေရာတွင်ရှိသည်။ ထို့နောက် အိန္ဒိယ နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာ ပေါင်း ၁၈၃၇၆၅၂၄ ဦးဖြင့် ဒုတိယနေရာတွင်ရှိကာ ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်အတည်ပြု လူနာပေါင်း ၁၄၅၉ဝ၆၇၈ ဦးဖြင့် တတိယနေရာမှ လိုက်လျက်ရှိသည်။ ပြင်သစ်တွင် ကိုဗစ်- ၁၉ ကူးစက်အတည်ပြု လူနာပေါင်း ၅၆၅၃၅၃၃ ဦးနှင့် တူရကီတွင် ၄၇၈၈၇၀၀ ဦးရှိသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူပေါင်းမှာလည်း ၃၁၆၁၉၇၁ ဦး ရှိလာခဲ့ သည်။ ကမ္ဘာလုံးဆိုင်ရာ နေ့စဉ် ကိုဗစ်- ၁၉ကူးစက် ဖြစ်ပွားမှု မြင့်တက်လျက်ရှိကြောင်းနှင့် ဧပြီ ၂၃ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၁၂၉၉၁ ဦးဖြင့် တစ်နေ့အတွင်း ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်

အင်န်အိတ်ချ်ကေ