ခတ္တမန္ဒူ ဩဂုတ် ၅
ကမ္ဘာကျော်နီပေါတောင်တက်သမား နိရ်မယ်လ်ပူရ်ဂျာသည် ပါကစ္စတန်နိုင်ငံ ဘရော့ဒ်ပိခ်တောင်ပေါ်သို့ တက်ရောက်စဉ် ဇူလိုင် ၃၀ ရက်တွင် ဆီးနှင်းပြိုကျမှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
၎င်းသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခုကို ခြောက်လနှင့် ခြောက်ရက်အတွင်း အမြန်ဆုံးတက်ရောက်နိုင်ခဲ့သူဖြစ်သည်။
၎င်းနှင့်တောင်တက်သမားကိုးဦးပါဝင်သည့် အဖွဲ့သည် ၈၀၄၇ မီတာအမြင့်ရှိ တောင်ထိပ်သို့ တက်နေစဉ် ဆီးနှင်းပြိုကျမှုဖြစ်ပြီး ယခုကဲ့သို့ တောင်တက်သမားအားလုံး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ တောင်တက်ခရီးမှာ ယခုကဲ့သို့အဆုံးသတ်ခဲ့သော်လည်း ၎င်းတို့၏ သတ္တိ၊ မဆုတ်မနစ်သည့် ဇွဲလုံ့လနှင့် ပေးဆပ်မှုများမှာ တည်တံ့နေမည်ဖြစ်ကြောင်း နီပေါနိုင်ငံဝန်ကြီးချုပ် ဘလန်ဒါရှဒ်က ပြောကြားသည်။
ယခုဖြစ်စဉ်တွင်ပါဝင်သည့် တောင်တက်သမားများထားရှိခဲ့သည့် စိတ်ဓာတ်ခွန်အားသည် ကမ္ဘာပေါ်ရှိ နောင်လာနောက်သား တောင်တက်သမားများအတွက် အတုယူဖွယ်ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


