ကမ္ဘာ့စီးပွားရေး တည်ငြိမ်စွာတိုးတက်ရေးနှင့် AI ကြောင့် ဘဏ္ဍာရေးစနစ်များအပေါ် ကျရောက်လာ နိုင်သည့်အန္တရာယ်များကို G 20 ဘဏ္ဍာရေးခေါင်းဆောင်များ ဆွေးနွေး

ဘန်ကောက်   အောက်တိုဘာ   ၁၅

ကမ္ဘာ့စီးပွားရေးတည်ငြိမ်စွာတိုးတက်ရေးနှင့်   ဉာဏ်ရည်တု(AI) နည်းပညာကြောင့်  ဘဏ္ဍာရေးစနစ်များအပေါ် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဆွေးနွေးရန်  G 20 အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ငွေကြေးဖောင်းပွမှုနှင့်   အတိုးနှုန်းများမြင့်မားနေသည့် ကြားမှ   ကမ္ဘာ့စီးပွားရေးတည်ငြိမ်စွာတိုးတက်စေရေးအတွက်   ဆောင်ရွက်ရမည့်နည်းလမ်းများကို   အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် AI နည်းပညာကြောင့် ဘဏ္ဍာရေးစနစ်များအပေါ် ကျရောက် လာနိုင်သည့်  အန္တရာယ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင်  ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ  မြင့်တက်မှုကြောင့် အဓိကအားဖြင့် ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုကို   ထိန်းချုပ်နိုင်ရန် နိုင်ငံအသီးသီးက ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများနှင့် အစီအမံ များ အကောင်အထည်ဖော်နေကြသည်။  ထို့အပြင်   အတိုးနှုန်းများသည်လည်း  အတက်ဘက်တွင်သာရှိပြီး အတိုးနှုန်းအတက်အကျမတည်ငြိမ်မှုများလည်း ပိုမိုကျယ်ပြန့်လာကြောင်း အစည်းအဝေးတက်ရောက်သူများက မှတ်ချက်ပြုခဲ့ကြသည်။ စွမ်းဆောင်ရည်မြင့် AI မော်ဒယ်အသစ်တစ်ခုကို အလွဲသုံးစားပြုလုပ်ပါက ဘဏ္ဍာရေးစနစ်များအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ်    ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကိုလည်း   ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

အင်န်အိတ်ချ်ကေ