ကမာရွတ်မြို့နယ်၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်ထုတ်ပေး

ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Jumbo Logistics Co., Ltd. မှ အာမခံအလုပ်သမား ဦးမင်းအောင်အတွက် အလုပ်တွင် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြာရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေကျပ် ၁၀၈၀၀၀၀၀ ကို ဦးမင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ခင်စောအေးထံ အလုပ်ဌာန တာဝန်ခံများ၊ အလုပ်သမား ညှိုနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ ရှေ့မှောက်၌ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

 

 စိမ်းလဲ့(ပြန်ဆက်)