ကလော စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၄ ရက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုနောက်ကွယ်က လိမ်လည်မှု ထောင်ချောက်တွေကို တိုက်ဖျက်ကြ” ဆိုင်းဘုတ်ဖွင့်လှစ်သည်။
အဆိုပါ ဆိုင်းဘုတ်ကို ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မိ မြို့ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


