ကလောမြို့နယ်၌ ၂၂ ဘီးယာဉ် ရထားလမ်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွား၍ ၂ ဦးဒဏ်ရာရ

နေပြည်တော် ၂၄ စက်တင်ဘာ

 

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး မိုင်တိုင်အမှတ် (၉၈/၅-၆)ကြား၌ စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ဟဲဟိုးမြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ ကလော-တောင်ကြီး ကားလမ်းအတိုင်း ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ မျိုးမြင့်အောင် (ခ) ကိုအောင် (၄၃)နှစ် မောင်းနှင်ပြီး ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာနေ ဝင်းမိုးထက် (၂၁)နှစ် လိုက်ပါလာသော ဓာတ်မြေဩဇာအိတ်များ တင်ဆောင်ထားသည့် 1R/xxxx Faw (၂၂)ဘီးတွဲယာဉ်သည် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ရွှေညောင်-သာစည် ရထားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်၏နောက်တွဲမှာ ရထားလမ်းပေါ်သို့ ရောက်ရှိခဲ့သဖြင့် ရထားလမ်းယာယီ ပိတ်သွားခဲ့ပြီး မျိုးမြင့်အောင် (ခ) ကိုအောင်နှင့် ဝင်းမိုးထက်တို့ ၂ ဦးတွင် ဒဏ်ရာများရှိခဲ့သောကြောင့် မျိုးမြင့်အောင် (ခ) ကိုအောင်အား ဟဲဟိုးနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား