ကလောမြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကျင်းပ

ကလော စက်တင်ဘာ ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့၌ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ ကျင်းပသည်။

 

ဦးစွာ ကလောမြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ သဘာပတိဦးခင်ထွန်းက အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖေသန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်တို့က (၁/၂၀၂၆) ပြင်ဆင်သည့် သမဝါယမဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလောမြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုနှင့်ရှေ့လုပ်ငန်းစဉ်များပြင်ဆင်သည့်အသင်းစည်းကမ်းကို ဖတ်ကြားတင်ပြခဲ့ရာ တင်ပြချက်များအပေါ် သဘာပတိက အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)