ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး

သာပေါင်း စက်တင်ဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား အာဟာရကျွေး အသိပညာပေး ဟောပြောကို စက်တင်ဘာ ၁၈ ရက်က နံနံပင်ကုန်းကျေးရွာ မဟာစည်သာသနာ့ရိပ်သာ နန္ဒဝန်ကျောင်းတိုက် သာသနာ့ဗိမာန် ဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။

 

မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှုအတွက် အာဟာရ အုပ်စုသုံးမျိုး မျှတပါဝင်စွာကျွေးမွေးရန်၊ ဒုတိယဦးစီးမှူးက MCCT အစီအစဉ်တွင် အကျိုးခံစားခွင့် လျှောက်ထားလိုသည့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်လူမှုဝန်ထမ်းရုံးများ၌ နိုင်ငံသားစိစစ်ရေးကတ်၊ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်းစာအုပ်နှင့် ကိုယ်ဝန်ဆောင်အဖြစ် သိသာထင်ရှားသည့် ကိုယ်တစ်ပိုင်းဓာတ်ပုံ ပူးတွဲဖော်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သာပေါင်း (ပြန်/ဆက်)