ကိုယ်ပိုင်ကျောင်းများအသင်း ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်

ရန်ကုန် ဩဂုတ် ၂

 

ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း တတိယအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အသင်းနာယက ဆရာကြီးဦးသန်းနိုင်က အမှာစကားပြောကြားပြီး ဥက္ကဋ္ဌ (ဟောင်း) ဆရာကြီး ဒေါက်တာဇီဝက အမှာစကားပြောကြားသည်။ ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းပြောကြားပြီး ဥက္ကဋ္ဌ (အသစ်) နှင့် ဗဟိုအလုပ်အမှုဆောင်များအား ရွေးချယ်တင်မြှောက်ကြသည်။ ယင်းနောက် အသင်းဥက္ကဋ္ဌဟောင်းက ဥက္ကဋ္ဌသစ်သို့ တာဝန်လွှဲပြောင်းပေးအပ်ပြီး ဥက္ကဋ္ဌသစ် ဦးနေအုပ် (စိန်ပေါလ်) က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ဗလ