ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ရိုမေးနီးယား ကျန်းမာရေး ဝန်ထမ်းတွေမှာ လက်အိတ်နဲ့ မျက်နှာဖုံးတွေ မရှိကြောင်း ပြော

၂ ဧပြီ

 

ရိုမေးနီယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ရန်နီကျူး ဆာရတ်ဆေးရုံမှာတာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ လက်အိတ်၊ မျက်နှာဖုံးနဲ့ တခြားကာကွယ်ရေးပစ္စည်းတွေ မရှိကြောင်း ပြောပါတယ်။

 

အဲဒီဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ် COVID-19ရောဂါတွေ့ရှိသူတွေကို လက်ခံမယ့် ဆေးရုံစာရင်းထဲမှာ ပါဝင်ကြောင်း သိရပါတယ်။ အခုလို ပြစ်တင်ပြောဆိုလာတာဟာ နိုင်ငံရဲ့ တခြားဒေသက ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကျယ်ကျယ်လောင်လောင် ဖွင့်ပြောလာတဲ့ အသံတွေအပြီးမှာ ကြားရတဲ့  နောက်ထပ် ပြစ်တင်ပြောဆိုမှု တစ်ခုဖြစ်ပါတယ်။

 

ဥရောပသမ္မဂအဖွဲ့ဝင် အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံရဲ့ ကျန်မာရေးဝန်ထမ်း တချို့က ဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းမရှိတဲ့အတွက် အလုပ်က နှုတ်ထွက်တာမျိုးအထိ လုပ်ဆောင်တာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္လာနေ့တစ်ရက်တည်းမှာ ဟူနီဒိုလာဆေးရုံရဲ့ အရေးပေါ်အခန်းမှ ဆရာဝန်တစ်ဦးနဲ့ သူနာပြု ၁၀ ဦးဟာ အခြေခံကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးပစ္စည်းတွေ မရှိတဲ့ အတွက် အလုပ်မှ နှုတ်ထွက်သွားပါတယ်။ နောက်ရက်မှာတော့ သူနာပြုတွေကို အလုပ်ပြန်ဝင်ဖို့ လုပ်ဆောင်နိုင်ပေမယ့် ဆရာဝန်ကတော့ အလုပ်ပြန်မဝင်ကြောင်း သိရပါတယ်။

 

အင်္ဂါနေ့မှာ နိုင်ငံရဲ့မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံမှာ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးဟာလည်း အလုပ်မှ နှုတ်ထွက်ကြောင်း သိရပါတယ်။

 

မနေ့က ရရှိတဲ့သတင်းအရ ရိုမေးနီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂,၄၅၀ ဦး တွေ့ရရှိရာ လူ ၃၀ဝ မှာ ကျန်းမာရေးဝန်ထမ်းတွေ လို့ပြောပါတယ်။ သေဆုံးသူ ၈၆ ဦးရှိကြောင်း သိရပါတယ်။

 

အစိုးရကတော့ ကာကွယ်ရေးပစ္စည်းတွေကို ရအောင်လုပ်ပေးမယ်လို့ ကတိပေးထားပါတယ်။

 

၂၀ဝ၇ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာတဲ့ ရိုမေနီးယားနိုင်ငံက ကျန်းမာရေးလုပ်သား ၁၄၀ဝ၀ ကျော်ဟာ လုပ်အားခ ပိုပေးတဲ့ တခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP