ကြို့ပင်ကောက်မြို့နယ်၌ ကျေးရွာတွင်း နှစ်ဘီးသွားကွန်ကရစ်လမ်းခင်းခြင်း ကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် အောက်တိုဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ VDP စီမံကိန်းဖြင့် ကျွန်းကုန်း ကျေးရွာတွင်း နှစ်ဘီးသွား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၅ ရက်က စတင် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးသည်။

 

အဆိုပါ ကွန်ကရစ်ဘီးနင်းလမ်းအား အလျားပေ ၅၂၀၊ အနံ နှစ်ပေ ခြောက်လက်မ၊ ဒုခြောက်လက်မဖြင့် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင် ငွေကျပ် ၃၆ ဒသမ ၃ သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)