ကိုလံဘီယာနိုင်ငံ၌ လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့်ငါးဦးသေဆုံး

စက်တင်ဘာ ၁၇

ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီ လာ အက်စ်ပရီရယ်လာက လေယာဉ်ငယ်တစ်စင်း ချိုကိုဒေသရှိ ကွန်ဒိုတိုမှ ဘိုဂိုတာရှိ ဂွါမာရယ်လေဆိပ်သို့ ပျံသန်းနေစဉ် စက်တင်ဘာ ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါ လူငါးဦးစလုံး သေဆုံးကြောင်း ယမန်နေ့ကအတည်ပြုပြောကြားခဲ့သည်။

Cessna T206 လေယာဉ်သည် ချိုကိုဒေသရှိ တောတွင်းတစ်နေရာတွင် ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၀ ခန့် မြင့်ပြီး သွားလာရန် အလွန်ခက်ခဲသော နေရာ၌ စက်တင်ဘာ ၁၅ ရက်က ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

 ကိုလံဘီယာလေတပ်က UH-60 Angel ရဟတ်ယာဉ်ဖြင့် ပြန်လည်ရှာဖွေရေးအဖွဲ့ကို အဆိုပါနေရာသို့ ဝင်ရောက်စေခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

 အရေးပေါ်အခြေအနေ ဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် ဒေသခံတိုင်းရင်းသား လုံခြုံရေးအဖွဲ့များ ကလည်း မြေပြင်ရှာဖွေရေးလုပ်ငန်းများတွင် ကူညီရန် အဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။

 လေယာဉ်မှူးတစ်ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင် ပါဝင်သော အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို